September 21, 2024

ရွက်ကြွေဒိုင်ယာရီ

သစ်ရွက်လေး… တစ်ရွက်
လွင့်ကြွေသွားခြင်းဟာ…

ရော်ရွက်ဝါအဖြစ်
ပြောင်းလဲသွားပြီး
အိုမင်းရင့်ရော်ခဲ့လို့လား…

ဒါမှမဟုတ်
တစုံတယောက်ရဲ့
ခူးဆွတ်မှုကြောင့်လား…

လေပြင်းမုန်တိုင်းတွေကြောင့်ရော
လွင့်ကြွေသွားတာလား…

အို… ဘယ်လိုပဲဖြစ်ဖြစ်လေ
လွင့်ကြွေသွားခဲ့ပြီပဲ

ငါဟာ…
ဟောင်းနွမ်းလား
သစ်လွင်လားဆိုတာ
အရေးမကြီးတော့ပါဘူးလေ

လွင့်ကြွေခြင်းမှာ…
လွင့်ကြွေခြင်းဆိုတာ
လွင့်ကြေခြင်းပါပဲ
တခြားဘာအဓိပ္ပါယ်များရှိဦးမှာလဲ

ဒါပေမယ့်…
စိမ်းလဲ့သန်စွမ်းတဲ့ သစ်ရွက်တိုင်းကတော့
လောကကြီးမှာ ရှင်သန်ချင်ကြသေးတယ်

အရွယ်မတိုင်ခင်
ဘယ်သူမှ
လွင့်ကြွေခွင့် ရချင်မှာ မဟုတ်ပါဘူး

သစ်ရွက်လေးတစ်ရွက်ကလည်း
ရော်ရွက်ဝါလေးဖြစ်ဖို့အထိ
သူမျှော်လင့်ခဲ့တာပဲလေ။

30 July 2019
စာရေးသူ – ဇော်ရဲလင်း

သရုပ်ဖော် Video . . .

Original – photo

Zaw Ye Linn

Writer, Reader and YouTuber

View all posts by Zaw Ye Linn →

Leave a Reply

Your email address will not be published. Required fields are marked *