အသက်ဆယ့်ခွန်မှာ
ပထမဆုံးအလုပ်ဝင်တော့
ဥယျာဥ်ထဲကပန်းတွေ နေ့စဉ်ခူးခြွေပေးရမယ်တဲ့
ငါ အလုပ်ရဖို့ မင်းအလှတွေ ခြွေချပေးရမယ်ဆို
သုံးလစာအမ်းပြီး အလုပ်က ထွက်ပြလိုက်မယ်
အဲဒီလို ခံယူထားတဲ့ ကျွန်တော်က
နံနက်ခင်းကြယ်တွေ ကြွေချိန်
တောင်းဆုတွေ တကယ်ပြည့်မယ်ဆိုရင်တောင်
တောင်းလိုက်ချင်တယ် တဆုတည်း
နောက်ခါ ကြယ်တွေ မကြွေပါစေတော့နဲ့လို့
မင်းကြွေမှ ငါ့ဆုတောင်းတွေ ပြည့်ဝမယ်ဆို
မိုင်းလင်းတဲ့အထိ အိပ်လိုက်တော့မယ်
ငါ့ဆန္ဒကြောင့်
မင်းဘဝ နစ်မွန်းရမယ်ဆို
စာအုပ်တွေ နောက်ထပ် မဖတ်တော့ဘူး
တိရစ္ဆာန်တွေလို လည်ပတ်တော့မယ်
သူ့အလှအတွက် ကိုယ့်ဘဝ မပေးဆပ်ချင်သလို
ငါ့အတွက် ပေးဆပ်မယ်ဆိုပြီး
လမ်းဘေးမှာ မင်းရပ်နေစရာ မလိုပါဘူး
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်စခန်း ကိုယ်ဆောက်စမ်းပါ
လမ်းတူရင် ဖေးကူပြီး
မင့်လက်တစ်ဖက် ကမ်းယူဖို့ အသင့်ပါ
စခန်းအတူမှာ နေချင်ရင်တော့
ဂူတစ်ဂူမှာ ခြင်္သေ့တစ်ကောင်သာ မင်းမူလို့ရတာ
မင်း အလိုက်သိပါ
ဘာပဲဖြစ်ဖြစ်
သူ့ဘဝလှဖို့ လမ်းဘေးမှာ ခွက်တစ်လုံးချပြီး
မင်းနေပြဖို့ မလိုပါဘူး။
စာရေးသူ - ဇော်ရဲလင်း